ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်သည် ကျိုတိုခရိုင်ရှိ ရှိုရင်အင်းဘုရားကျောင်း၌ AI နည်းပညာသုံး "Buddharoid" အမည်ရ စက်ရုပ်ဘုန်းတော်ကြီးကို မိတ်ဆက်လိုက်ရာ အဆိုပါစက်ရုပ်သည် OpenAI ၏ ChatGPT ကို အခြေခံထားသည့် "BuddhaBot-Plus" စနစ်ဖြင့် ဗုဒ္ဓစာပေများကို လေ့လာသင်ယူထားပြီး လူမှုရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးမြန်းမှုများကို တရားတော်နှင့်အညီ အကြံပေးဖြေကြားပေးနိုင်ကြောင်း သိရသည်။ Unitree Robotics ၏ နည်းပညာကို အသုံးပြုထားသဖြင့် လမ်းလျှောက်ခြင်း၊ လက်အုပ်ချီခြင်းနှင့် ပရိတ်ရွတ်ခြင်းတို့ကို တည်ငြိမ်စွာ လုပ်ဆောင်နိုင်သော ဤစက်ရုပ်ကို တီထွင်ရခြင်းမှာ ၂၀၄၀ ပြည့်နှစ်တွင် ဂျပန်ရှိ ဘုရားကျောင်း ၃၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ကို ဖြေရှင်းရန်ဖြစ်ပြီး၊ ဖုန်းစခရင်များထက် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာကို ပိုမိုအပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပါမောက္ခ ခူးမားဂါအီက ရှင်းလင်းပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် ဗုဒ္ဓတရားတော်များဖြင့် အကြံပေးဆွေးနွေးနိုင်သည့် "Buddharoid" AI စက်ရုပ်ဘုန်းတော်ကြီးကို မိတ်ဆက်
Feb 27 • 7:14 AM
Japan
Local News
Share
| 15 | 0 | 0 | 0 |


