back

မြဝတီမြို့နယ်၌ Online လိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် ရုရှားနှင့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား(၁၅၆)ဦးကိုဖမ်းဆီးရမိ

Feb 27 • 6:59 AM

breaking-news

Myanmar

Kayin

cover

မြဝတီမြို့နယ်၌ Online လိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် ရုရှားနှင့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား(၁၅၆)ဦးကိုဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၁၅၆ ဦးကို လုပ်ငန်းသုံး ဆက်စပ်ပစ္စ...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၁၅၆ ဦးကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများတွင် တရုတ်နိုင်ငံသား ၁၄၈ ဦးဖြင့် အများဆုံးပါဝင်ပြီး ထိုင်းနိုင်ငံသား ၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါဖမ်းဆီးရမိမှုသည် နယ်စပ်ဒေသအတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) များကို နှိမ်နင်းရာတွင် ထူးခြားသည့် ဖမ်းဆီးရမိမှုတစ်ခုလည်း ဖြစ်သည်။

news-view-count-icon

27