မန်ယူအသင်း၏ ယာယီနည်းပြ မိုက်ကယ်ကာရစ်သည် ၎င်းတာဝန်ယူခဲ့သည့် ၆ ပွဲတွင် ၅ ပွဲနိုင်၊ ၁ ပွဲသရေဖြင့် ရှုံးပွဲမရှိစံချိန်တင်ကာ အသင်းကို အဆင့် (၄) နေရာသို့ ပို့ဆောင်ပေးထားသော်လည်း အမြဲတမ်းနည်းပြခန့်အပ်ရန် ကိစ္စတွင် အသင်းတာဝန်ရှိသူများ တွေဝေလျက်ရှိသည်။ ဆိုးလ်ရှားလက်ထက်က ယာယီနည်းပြဘဝတွင် အောင်မြင်ခဲ့သော်လည်း အမြဲတမ်းနည်းပြဖြစ်လာချိန်၌ ကျဆုံးခဲ့သည့် သာဓကကြောင့် အသင်းရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်သည် ၂၀၂၆ ကမ္ဘာ့ဖလားပြီးဆုံးချိန်အထိ စောင့်ကြည့်ရန် စဉ်းစားနေသည်။ ဖာဂီခေတ်လွန် နည်းပြအပြောင်းအလဲများကြားတွင် လမ်းပျောက်နေသည့် မန်ယူအသင်းအတွက် ကာရစ်သည် အလင်းရောင်တစ်ခု ဖြစ်လာပြီး လက်ကျန် ၁၁ ပွဲတွင် ၎င်း၏ စွမ်းဆောင်ရည်အပေါ်မူတည်၍ အနာဂတ်က အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း သုံးသပ်ရသည်။
Feb 27 • 6:53 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


