ယခုအခါ စီးပွားရေးမကောင်းမှုကို အကြောင်းပြု၍ သင်္ကန်းကို ခုတုံးလုပ်ကာ မိမိကိုယ်ကျိုးအတွက် YBS ကားပေါ်၊ ကားဂိတ်နှင့် ရပ်ကွက်များအတွင်း အချိန်မဟုတ်၊ အခါမဟုတ် ဇွတ်အတင်း အလှူခံနေသည့် သံဃာအတုများ များပြားလာသဖြင့် အများပြည်သူများအနေဖြင့် ထင်ယောင်ထင်မှားမဖြစ်စေရန် သတိပေးနှိုးဆော်ထားသည်။ တကယ်စစ်မှန်သော စာသင်သားသံဃာတော်များသည် စာဝါတက်ခြင်း၊ စာကျက်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေပြီး ဆွမ်းခံချိန်မှလွဲ၍ အပြင်သို့ အကြောင်းမဲ့ ထွက်လေ့မရှိသလို၊ ယခုကဲ့သို့ အရှက်ကွဲခံ၍ အတင်းအလှူခံခြင်းမျိုးကိုလည်း ဘယ်သောအခါမှ လုပ်ဆောင်လေ့မရှိကြောင်း သိရသည်။ ဤကဲ့သို့ သံဃာအတုများ၏ လုပ်ရပ်ကြောင့် အချို့နေရာများတွင် "အလှူခံမလာရ" ဟူသော ဆိုင်းဘုတ်များအထိ ပေါ်ပေါက်လာရသဖြင့် သာသနာတော်နှင့် သံဃာအစစ်အမှန်များအတွက် စိတ်မကောင်းဖွယ် ဖြစ်ရကြောင်းနှင့် အများပြည်သူများ နားလည်သဘောပေါက်စေရန် အသိပေးထားခြင်း ဖြစ်သည်။
Feb 27 • 6:45 AM
Myanmar
Yangon
Share
| 15 | 0 | 0 | 0 |



