စင်ကာပူနိုင်ငံ၏ MRT ရထားတွဲအတွင်း Vape သောက်နေသည်ကို TikTok ဗီဒီယိုရိုက်ကူးခံခဲ့ရသည့် အသက် ၃၇ နှစ်အရွယ်ရှိ စင်ကာပူနိုင်ငံသား Tay Choon Loong Aloysius ဆိုသူအား တရားရုံးက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၂၀၀ ချမှတ်လိုက်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) က လူမှုကွန်ရက်မှတစ်ဆင့် စုံစမ်းဖော်ထုတ်ကာ ၎င်း၏နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၎င်းက ဆေးလိပ်ဖြတ်ပြီးနောက် အစားထိုးအနေဖြင့် လည်းကောင်း၊ အလုပ်သွားရာတွင် အိပ်ငိုက်ပြေစေရန်အတွက် လည်းကောင်း Vape ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါပစ္စည်းများကို Geylang အရပ်တွင် ဝယ်ယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ စင်ကာပူနိုင်ငံတွင် Vape လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဝယ်ယူခြင်းသည် ဥပဒေအရ တားမြစ်ထားပြီး ဒဏ်ငွေ ဒေါ်လာ ၂,၀၀၀ အထိ ချမှတ်နိုင်သဖြင့် အများပြည်သူအနေဖြင့် အထူးသတိပြုရန် လိုအပ်နေကြောင်း သိရသည်။
Feb 27 • 6:43 AM
Singapore
Local News
Share
| 9 | 0 | 0 | 0 |


