back

ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများပြားကာ လမ်းပေါ်သို့ အခေါင်းများမျောပါလာ

Feb 27 • 6:05 AM

breaking-news

Myanmar

International

cover

ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများပြားကာ လမ်းပေါ်သို့ အခေါင်းများမျောပါလာ

ဘရာဇီးနိုင်ငံတွင် ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ရာ မီနက်စ်ဂီရိုင်းစ်ပြည်နယ်၊ ယူဘာမြို့ရှိ လမ်းမ...

ဘရာဇီးနိုင်ငံတွင် ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ရာ မီနက်စ်ဂီရိုင်းစ်ပြည်နယ်၊ ယူဘာမြို့ရှိ လမ်းမများပေါ်တွင် ဈာပနလုပ်ငန်းတစ်ခုမှ အခေါင်းများ ရေနှင့်အတူ မျောပါလာသည့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ရေကြီးမှုကြောင့် ယူဘာမြို့တွင် ၇ ဦး သေဆုံးခဲ့ပြီး ရေဘေးဒဏ်အဆိုးဆုံးခံရသည့် ဂျုဇ်ဒီဖော်ဇာရပ်ကွက်တွင် သေဆုံးသူ ၃၀ ဦးအထိ ရှိလာကြောင်း သိရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် မြေပြိုမှုနှင့် သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ရင်ဆိုင်နေရသည့် ဘရာဇီးတွင် လက်ရှိ၌ မြို့နှင့်ရပ်ကွက်အချို့ရှိ စာသင်ကျောင်းများနှင့် လူမှုစောင့်ရှောက်ရေးစင်တာများအားလုံးကို ပိတ်ထားရကြောင်း သိရသည်။

news-view-count-icon

18