back

ကယားပြည်နယ်၊နေရပ်စွန့်ခွာစခန်းများမှ လူထုတွေဆီကို K_Blessing အဖွဲ့က မူလစျေးနှုန်းနဲ့ ကုန်စိမ်းတွေ ရောင်းချပေး

Feb 27 • 1:36 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊နေရပ်စွန့်ခွာစခန်းများမှ လူထုတွေဆီကို K_Blessing အဖွဲ့က မူလစျေးနှုန်းနဲ့ ကုန်စိမ်းတွေ ရောင်းချပေး

ကယားပြည်နယ်(ကရင်နီ)၊ ဒီးမော့မြို့မြို့နယ်ထဲက တချို့ နေရပ်စွန့်ခွာစခန်းတွေဆီကို K-Blessing အဖွဲ့က ဟင်းသီးဟင်းရွက် (ကုန်စိမ်း)တွေကို မူလစျေးနှုန်းနဲ့ သွားရောက်ရေ...

ကယားပြည်နယ်(ကရင်နီ)၊ ဒီးမော့မြို့မြို့နယ်ထဲက တချို့ နေရပ်စွန့်ခွာစခန်းတွေဆီကို K-Blessing အဖွဲ့က ဟင်းသီးဟင်းရွက် (ကုန်စိမ်း)တွေကို မူလစျေးနှုန်းနဲ့ သွားရောက်ရောင်းချပေးနေတယ်လို့ အဖွဲ့တာဝန်ခံ တစ်ဦးက ပြောပါတယ်။ ရေရှားပါးပြီး အသီးအနှံစိုက်ပျိုးဖို့ အဆင်မပြေတဲ့ ဒေသနဲ့ ကုန်စိမ်းတွေကို သွားရောက်ဝယ်ယူဖို့ မလွယ်ကူတဲ့ဒေသတွေကို ဦးစားပေးရောင်းချနေတယ်လို့ လည်းဆိုထားပါတယ်။ “ဥပမာ - ခရမ်းချဉ်သီးပေါ့နော်။ အပြင်မှာ ၁ ပိဿာကို ၄,၀၀၀ လောက် ပေါက်တယ် ဆိုလို့ရှိရင်တော့ ၃,၀၀၀ နဲ့ ပြန်ရောင်းပေးတာမျိုးပေါ့နော်။ ဆိုတော့ အရင်းတိုင်းဘဲ ပြန်ပြီးတော့ ရောင်းပေးတဲ့ ဟာမျိုးတွေ ရှိတယ်လို့ ပြောလို့ရတယ်။” လို့ K-Blessing အဖွဲ့တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ စတင်ရောင်းချပေးခဲ့ပြီး ပထမရက်မှာ စခန်း ၆ ခု၊ ဒုတိယနေ့မှာ စခန်း ၇ ခုကို ရောင်းချပေးခဲ့တာရှိပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာတော့ ၄ကြိမ်မြောက် သွားရောက်ရောင်းချခဲ့ကြပါတယ်။

news-view-count-icon

16