ရုရှားသမ္မတပူတင်သည် ဟားမက်စ်စတိုင် ဥမင်များစွာတူးပြီး ၎င်း၏ သစ္စာခံ လူကာရှန်ကို အုပ်ချုပ်သည့် ဘီလာရုစ်နိုင်ငံ နယ်စပ်မှ ပိုလန် နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလုပ်သားများ ပို့ဆောင်ပေးနေကြောင်းသိရှိရသည်။ပူတင်၏ ရည်ရွယ်ချက်မှာ ရွှေ့ပြောင်းလုပ်သားများစွာ ခိုးဝင်ပြီး ယူကရိန်း၏ မဟာမိတ်အနောက်အင်အားစုနိုင်ငံ များ မတည်မငြိမ်ဖြစ်စေရန်ဟု သိရသည်။ပိုလန်ရဲတပ်ဖွဲ့သည် ဘီလာရုစ်ဘက်မှ နယ်စပ်စည်းကို ဥမင်တူးကာ ရွှေ့ပြောင်းလုပ်သားများအား ပို့ ဆောင်ပေးနေသည့် ဥမင်ကြီး ၄ ခုအား ရှာဖွေတွေ့ရှိခဲ့သလို ထိုဥမင်များအတွင်းမှ ခိုးဝင်လာသူ ၁၈၀ အနက် အများစုအား ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ပိုလန်မြောက်ပိုင်း နာရူကာမြို့အနီးတွေ့ရသည့်အကြီးဆုံး ဥမင်သည် ဘီလာရုစ်နယ်စပ်တောအုပ်တစ်ခုအတွင်း မီတာ ၅၀ အရှည်ဖောက်ထားကာ ပိုလန်နိုင်ငံထဲ ၁၀ မီတာအထိ မြေအောက်မှ ကျူးကျော်ဖောက်လုပ်ထားကြောင်း ကြေညာသည်။ဟားမက်စ်စတိုင် ဥမင်များကို အရှေ့အလယ်ပိုင်းမှ မြေအောက်ဥမင်တူး အထူးကျွမ်းကျင်သူများကို ပူတင်က ခေါ်ယူဖောက်လုပ်ခိုင်း ခြင်းဖြစ်ကြောင်း၊ ယူကရိန်း၏ မဟာမိတ်အနောက်မဟာမိတ်နိုင်ငံများအတွင်း ရွှေ့ပြောင်းခိုးဝင်လာသူ များစွာဖြင့် မငြိမ်မသက် ဂယက်ရိုက်နေချိန် စပ်ကြားစစ်ပွဲသဘောဖြင့် ပူတင်က လူကာရှန်ကိုအား စေခိုင်းကာ ယခုလို ဥမင်များတူးပြီး ပိုလန်အတွင်းသို့ ခိုးဝင်သူများစွာ ပေးပို့နေခြင်းဖြစ်ကြောင်း ပိုလန်ရဲတပ်ဖွဲ့က The Telegraph သို့ ပြောသည်။အမေရိကန် စစ်ရေးသမိုင်းပညာရှင် ဒေါက်တာလင်းနက် နူးစ်ဘာချာက ၂၀၀၆ ခုနှစ် လက်ဘနွန်စစ်ပွဲ အပြီး မြင်တွေ့ရသည့် ထူးခြားသော စစ်ရေးအောင်ပွဲခံ လှည်လည်ပွဲတွင် ဘိလပ်မြေဖျော်စက်များဖြင့် လှည်လည်ခြင်းကို မြင်ခဲ့ရပြီး မြေအောက် ဥမင်တူးခြင်းနည်းပရိရာယ်များကို သုံးခဲ့သည်အား သက်သေပြခြင်းဖြစ်ကာ ယခုလည်း ပိုလန်သို့ မြေအောက်ဥမင်များတူးပေးနေသူများသည် အရှေ့အလယ်ပိုင်းဒေသရှိ အီရန်ကျောထောက်နောက်ခံပေးအဖွဲများ၊ အစ္စလာမ္မစ်ပြည်၊ ဟားမက်စ်၊ ဟစ်ဇ်လိုလာ၊ ကာ့ဒ်အဖွဲ့များမှ အထူးကျွမ်းကျင်သူများ ဖြစ်မည်ဟု သုံးသပ်သွားခဲ့သည်။



