back

လာအို-မြန်မာချစ်ကြည်ရေးအသင်းမြန်မာနိုင်ငံသို့ရောက်ရှိ

Feb 26 • 5:42 AM

breaking-news

Laos

Local News

cover

လာအို-မြန်မာချစ်ကြည်ရေးအသင်းမြန်မာနိုင်ငံသို့ရောက်ရှိ

နှစ်နိုင်ငံချစ်ကြည်ရေးအသင်းကိစ္စများ ဆွေးနွေးရန် လာအို-မြန်မာချစ်ကြည်ရေးအသင်း LMFAသည် (၂၅.၂.၂၀၂၆) ရက်နေ့ ည ၆နာရီတွင် လာအို နိုင်ငံမှ မြန်မာနိုင်ငံသို့ TG လေကြော...

နှစ်နိုင်ငံချစ်ကြည်ရေးအသင်းကိစ္စများ ဆွေးနွေးရန် လာအို-မြန်မာချစ်ကြည်ရေးအသင်း LMFAသည် (၂၅.၂.၂၀၂၆) ရက်နေ့ ည ၆နာရီတွင် လာအို နိုင်ငံမှ မြန်မာနိုင်ငံသို့ TG လေကြောင်းလိုင်းဖြင့် ရောက်က်ရှိခဲ့ကြသည် ။မြန်မာနိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီးနှင့်အတူ မြန်မာ-လာအိုအသင်းအဖွဲ့ဝင်များက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဒေသတွင်းဗုဒ္ဓဘာသာနိုင်ငံများကြားဗုဒ္ဓသာသနာထွန်းကားမှုတွင် စံနမူနာဖြစ်သည့် မြန်မာနိုင်သို့ လာရောက်ရခြင်းအပေါ် အလွန်ပျော်ရွှင်ကျေနပ်မိကြောင်း၊ အိမ်နီးချင်းကောင်းဖြစ်သည့်မြန်မာနှင့် ပိုမိုကူးသန်းဆက်သွယ်နိုင်ရေးစိတ်အားထက်သန်ကြောင်း အသင်းဥက္ကဋ္ဌ ကျန်ထဝုန်းကဆိုသည်။ ၄င်းနှင့်အတူ အသင်းဝင် ၈ ဦး လာရောက်ကြခြင်းဖြစ်သည်။နယ်ပယ်စုံမှ ကိုယ်စားပြုပုဂ္ဂိုလ်များပါဝင်ပြီး စီးပွားရေး၊ ယဥ်ကျေးမှု၊ လူငယ့်ရေးရာတို့တွင် တိုးတက်သော ဆက်ဆံရေးရှိလာအောင် လုပ်ဆောင်သွားမည်ဟုသိရသည်။ ယခု ခရီစဥ်အတွင်း နေပြည်တော်သို့လည်း သွားရောက်ခါ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။


news-view-count-icon

5