ယခုနှစ်(၂၀၂၆) ဇန်နဝါရီလမှစ၍ စားအုန်းဆီး ထုတ်လုပ်သည့် နိုင်ငံများတွင် ထုတ်လုပ်မှုလျော့ကျခြင်း၊ တရုတ်နှစ်သစ်ကူးပွဲတော်ကာလများအတွက် ကြိုတင်ဝယ်ယူစုဆောင်းမှုများလာခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံများ စားအုန်းဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။လက်ရှိ မလေးရှားရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာခြင်း၊ အင်ဒိုးနီးရှား အစိုးရ၏ စားအုန်းဆီ ပို့ကုန်ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်ပြီး မတ်လ မှ စတင်၍ ၁၂ ဒသမ ၅ ရာခိုင်နှုန်းထိ ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။



