ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ် Play off ပွဲစဉ် နှစ်ကျော့စလုံးမှာ ရီးယဲလ်တောင်ပံကစားသမား ဗင်နီစီယက်စ်က သတင်းလူသားဖြစ်ခဲ့တယ်။ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ဗင်နီစီယက်စ်က ဘင်ဖီကာအသင်းပရိသတ်ရှေ့ကခုန်အောင်ပွဲခံခဲ့ပါတယ်။အဲဒီလို ကခုန်အောင်ပွဲခံတာကြောင့် ဘင်ဖီကာပရိသတ်
ဒေါသထွက်ပြီး ဗင်နီစီယက်စ်ကို အရာဝတ္ထုတွေနဲ့ပစ်ပေါက်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ဗင်နီစီယက်စ်ကိုအဝါကတ် ပြပြီးသတိပေးခဲ့ပေမယ့်တင်းမာမှုတွေ ရပ်တန့်မသွားဘဲ ဘင်ဖီကာကစားသမားတွေနဲ့ အချင်းများခဲ့ကြတယ်။ဘင်ဖီကာကစားသမား ပရက်စတီယာနီက သူ့ကိုလူမျိုးရေးခွဲခြားတယ်လို့ ဗင်နီစီယက်စ် တိုင်ကြားခဲ့တယ်။ ပရက်စတီယာနိုက ဗင်နီစီယက်စ်ကို လူမျိုးရေးမခွဲခြားခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။ ဗင်နီစီယက်စ်ရဲ့ရီးယဲလ်အသင်းဖော်ဘာပေက လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းငါးကြိမ်အထိ ကြားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။


