မနေ့က ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ အဘိဓမ္မတက္ကသိုလ်ရဲ့ အဓိပတိ နဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ မှ ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာအရှင် ဇောတိက အား ပါမောက္ခချုပ်ဆရာတော် ရာထူး တိုးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပါမောက္ခချုပ်ဆရာတော်ကြီးအဖြစ် လျာထားပေးအပ်ခံရတဲ့ ဆရာတော် ဒေါက်တာအရှင်ဇောတိက ဟာဆိုရင် ရန်ကင်းတောင်ခြေ ပရိယတ္တိစာသင်တိုက်နဲ့ ငြိမ်းချမ်းရေးတက္ကသိုလ်တို့ရဲ့ အဓိပတိ နာယကချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး အဘိဓမ္မတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးရာထူးကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ပေးတော့မှာ ဖြစ်ပါတယ်.
ဆရာတော်ကြီး ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ကတော့ အဓိပတိ ဆရာတော်ကြီးအဖြစ် ဆက်လက်ရှိနေမယ်လို့ သိရပါတယ်။လက်ရှိမှာ ဆရာတော်ကြီးရဲ့ ခါ:ခွဲ.စိ-တ်.မှု.ခံ.ယူထားပြီး သက်တော်လည်းကြီးမြင့်လာသလို ခါ:ခွဲ.စိ-တ်မှုအတွက် လာမယ့်ရက်အတွင်း ထပ်မံပြသရမှာဖြစ်လို့ လက်ရှိလွှဲပြောင်းတာဝန်ယူထားတဲ့ အရှင်ဇောတိကအနေနဲ့ ပွဲတွေရှိလာရင် ပါမောက္ခချုပ်ဆရာတော်ကြီးရာထူးနဲ့ တက်ရောက်ပေးသွားနိုင်ရင် ပိုအဆင်ပြေလို့ အခုလို ရာထူးလွှဲပြောင်းရတာပဲ ဖြစ်ပါတယ်။ဒုတိယပါမောက္ခချုပ် အရှင်ဇောတိက အနေနဲ့ ပါမောက္ခချုပ်ရာထူးကို ၂၀၂၆ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၀၂၈ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ လျာထားတာဝန်ယူသွားမှာဖြစ်ပြီး နောက်ပိုင်းတာဝန်အတွက် အခြေအနေပေါ်မူတည်ပြီး ဆက်လက်တာဝန်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။



