စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီးတွင် ယမန်နေ့ည မြန်မာစံတော်ချိန် ည ၁၁း၂၁ မိနစ်အချိန်ခန့်တွင် မြေအောက်အနက် ၁၆၅ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၈ အဆင့်ဖြင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၄၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၈) ဒီဂရီ၊ အနက် (၁၀၂) ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါသည်။
Feb 26 • 1:20 AM
Myanmar
Sagaing
Share
| 19 | 0 | 0 | 0 |


