၂၅.၂.၂၀၂၆ ရက်နေ့၊ ၂၃ နာရီ၂၂ မိနစ်အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရွာမရပ်ကွက်၊ အေးငြိမ်းသာမြို့သစ်၊ တပင်ရွှေထီးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် နတ်တလင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၃ နာရီ၄၀ မိနစ်အချိန် မီးငြိမ်းပါသည်။



