ဆေးခန်းပြဟန်ဆောင်၍လာရောက်ကာ လူမှုဖူလုံရေးဆေးခန်းအတွင်းတွင် ချက်ကြိုးတန်းလန်းဖြစ်နေသော မွေးကင်းစကလေးငယ်တစ်ဦးကို စွန့်ပစ်သွားမှုတစ်ခု ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်) နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်အတွင်းဖွင့်လှစ်ထားသော လူမှုဖူလုံရေးအဖွဲ့၏ ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းတွင် နံနက်ဆေးခန်းဖွင့်ချိန် ၈ နာရီလောက်က ဆေးခန်းပြဟန်ဆောင်၍ အဆိုပါ မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ထားခဲ့ခြင်းလည်းဖြစ်သည်။



