back

လားရှိုးတွင် အိမ်ဆိုင်ပိုင်ရှင် အမျိူးသမီးကို လက်နက်ကိုင်တစ်စု ပြန်ပေးဆွဲ

Feb 25 • 3:02 PM

breaking-news

Myanmar

Shan

cover

လားရှိုးတွင် အိမ်ဆိုင်ပိုင်ရှင် အမျိူးသမီးကို လက်နက်ကိုင်တစ်စု ပြန်ပေးဆွဲ

ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် လားရှိူးမြို့၊ ရပ်ကွက် ၅၊ မန်အိုင်၊ တရုတ်ဘုံကျောင်း အထက်ရှိ ကုန်စုံဆိုင်သို့ CROWN အဖြူရောင်ဖြင့် လူ ၄ ဦးရေ...

ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် လားရှိူးမြို့၊ ရပ်ကွက် ၅၊ မန်အိုင်၊ တရုတ်ဘုံကျောင်း အထက်ရှိ ကုန်စုံဆိုင်သို့ CROWN အဖြူရောင်ဖြင့် လူ ၄ ဦးရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ၃ ဦးဝင်ရောက်ကာ အသက် ၂၃ နှစ်ကျော်အရွယ် ဆိုင်ရှင်အမျိုးသမီးအား သေနတ်ပြ၍ ဖမ်းဆီးကာ ကားပေါ်တင် ပြန်ပေးဆွဲသွားခြင်း ဖြစ်ကြောင်း သိရသည်။ယင်းသို့ ပြန်ပေးဆွဲနေစဥ်အတွင်း ဆိုင်အတွင်းရှိ အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ထိုင်ခိုင်းထားကာ ဆိုင်အံဆွဲအတွင်းမှ ငွေအချို့ကို ပြန်ပေးသမားတစ်ဦးက နှိုက်ယူသွားခဲ့ကြောင်း သိရသည်။




news-view-count-icon

24