ပြီးခဲ့သည့်နှစ် ၂၀၂၅ တွင် တရုတ် လျှပ်စစ်ကားထုတ်လုပ်သူများအကြား ပြိုင်ဆိုင်မှုပြင်းထန်နေချိန်တွင် Geely Auto နှင့် Wuling Motor Holdings မှ ဈေးနှုန်းသင့်တင့်သော မော်ဒယ်များသည် BYD နှင့် Tesla မှ ကားမော်ဒယ်များကို ကျော်လွန်၍ အရောင်းရဆုံး ဖြစ်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် Geely သည် ယွမ် ၆၈၈၀၀ (ကန်ဒေါ်လာ ၉၉၆၀) မှ ၉၈၈၀၀ အကြား ဈေးနှုန်းရှိသည့် Xingyuan EV အစီးရေ ၄၅၉၀၀၀ ကျော်ကို ရောင်းချခဲ့သည်။ ယခင်နှစ်က ၅၂၅၇၀ ရောင်းချခဲ့သည်။ Tesla ၏ Model Y သည် တတိယနေရာတွင် ရပ်တည်ခဲ့သော်လည်း ရောင်းအားမှာ ယခင်နှစ်ထက် ၂၁%နီးပါး ကျဆင်းသည်။ အစီးရေ ၃၈၂၃၀၀ ရောင်းချခဲ့သည်။



