ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်၊ စဝီမြို့တွင် လောင်းလုံးမြို့နယ်၊ ဝေဒီရွာ ဒေသခံ သားအမိနှစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးကြောင်း မေတ္တာရှေ့ထားစေတနာပွား နာရေးကူညီမှုအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီခန့်က မိသားစုဝင် လေးဦးသည် ဘုရားကြီးပွဲက ဆိုင်ကယ်စီးပြီး ပြန်လာစဉ် ကားဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။
ကားတိုက်ခံရမှုကြောင့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန္ဒာမြင့်နှင့် အသက် ၉ နှစ်အရွယ် သားဖြစ်သူ မောင်နိုင်ရဲလင်းတို့ အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်ဖြစ်စဉ်နှင့် ပတ်သက်၍မူ သေသချာချာ မသိရသေးပေ။ လက်ရှိတွင် အလောင်းများကို နမ်းမချာဘုန်းကြီးကျောင်းတွင် ထားရှိထားပြီး လာမည့် ဖေဖော်ဝါရီလ ၂၇ ရက် သောကြာနေ့ နေ့လယ် ၁၂ နာရီတွင် မီးင်္သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။



