ပူပြင်းခြောက်သွေ့သော ကာလများတွင် အပူချိန်မြင့်မားခြင်း၊ လေတိုက်နှုန်းမြင့်မားခြင်းနှင့် အစိုဓာတ်နည်းပါးခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာနိုင်သည့်အတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၅.၂.၂၀၂၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ဝန်ထမ်းများအား မီးဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



