ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၉,၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ရာတွင် ပုံမှန် ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၈,၁၃၅ ဒသမ ၀၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃၁၅ သန်းရရှိခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ် တန် ၈၁၅ ဒသမ ၇၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၄ သန်း ရရှိခဲ့ပြီး ပြည်ပသို့ စုစုပေါင်းပုစွန်မက်ထရစ်တန် ၈,၉၅၀ ဒသမ ၈၆ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၇၆၉ သန်း ရရှိခဲ့ကြောင်း သိရသည်။



