ထိုင်းနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ် (Passport) အတုများ ပြုလုပ်ပေးပြီး လူမှောင်ခိုကူးနေသည့် မြန်မာဂိုဏ်းတစ်ခုကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (IB) က တစ်နှစ်ကျော်ကြာ စုံစမ်းပြီးနောက် ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်းက ဟတ်ယိုင်မီးရထားဘူတာ၌ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ထားသည့် မြန်မာ ၈ ဦးနှင့် ခေါ်ဆောင်လာသူများကို ဖမ်းမိရာမှတစ်ဆင့် ကွင်းဆက်လိုက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် နွန်သဘူရီ၌ လက်မှတ်အတုလုပ်ပေးသူ တရားခံ ဦးမင်း (ခ) ဦးပိန်ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ တရားခံ၏ နေအိမ်အတွင်းမှ လက်မှတ်အတုပြုလုပ်သည့် စက်ကိရိယာများ၊ တုံးအတုများနှင့် ဘတ် ၂ သန်းကျော် တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး၊ ၎င်းသည် တစ်ဦးလျှင် ၁,၅၀၀ ဘတ်ဖြင့် လက်မှတ်အတုလုပ်ပေးကာ ကန်ချနာဘူရီနယ်စပ်မှတစ်ဆင့် မလေးရှားသို့ ပို့ဆောင်ရန် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထားသည်။
Feb 25 • 6:12 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


