ထိုင်းနိုင်ငံတွင် နွေရာသီသို့ တရားဝင်ရောက်ရှိလာချိန်၌ နောင်ခိုင်းပြည်နယ်ရှိ မဲခေါင်မြစ်ရေသည် ၁ ဒသမ ၃၇ မီတာအထိ စံချိန်တင်နိမ့်ကျသွားသဖြင့် မြစ်တစ်လျှောက်တွင် သဲသောင်ခုံများနှင့် ကျောက်ဆောင်များ ပေါ်ထွက်လာပြီး ဒေသခံများ ရွှေကျင်ခြင်းနှင့် ငါးဖမ်းခြင်းဖြင့် ဝင်ငွေရှာဖွေနေကြကြောင်း သိရသည်။ မြစ်ရေနည်းပါးမှုကြောင့် ဆန်ခွမ်ခရိုင်ရှိ ဒေသခံများသည် ရာစုနှစ်နှင့်ချီသော ရွှေကျင်သည့်ဓလေ့ကို ပြန်လည်လုပ်ကိုင်နေကြပြီး တစ်နေ့လျှင် ဘတ် ၈၀၀ မှ ၂,၀၀၀ အထိ ဝင်ငွေရရှိနေသလို၊ အချို့နေရာများတွင် လှေအသုံးမပြုဘဲ ထိုင်းကမ်းပါးမှ လာအိုပိုင်ကျွန်းများဆီသို့ လမ်းလျှောက်သွား၍ပင် ရနေသည်။ အဆိုပါ မြစ်ရေခန်းခြောက်မှုဒဏ်ကို နောင်ခိုင်းပြည်နယ်အတွင်းရှိ ခရိုင် ၆ ခုစလုံး ခံစားနေရပြီး ပေါ်ထွက်လာသည့် သဲသောင်ပြင်အချို့ကိုလည်း ဒေသခံများက အားကစားပြုလုပ်ရာနေရာများအဖြစ် အသုံးပြုနေကြကြောင်း သိရသည်။
Feb 25 • 3:50 AM
Thailand
Local News
Share
| 38 | 0 | 0 | 0 |


