၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂၀ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးလောင်မှုပေါင်း ၁၉၁ ကြိမ် ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၄၂၂ သန်းခန့်ရှိပြီး လူ ၁၂ ဦး သေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းမှာ မီးလောင်မှုအများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းမှာ ဒုတိယအများဆုံးဖြစ်ကာ မီးလောင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လျှပ်စစ်မီးကြောင့် ၇၄ ကြိမ်နှင့် ပေါ့ဆမှုကြောင့် ၆၃ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းသွားသော်လည်း ယခုနှစ်တွင် လျှပ်စစ်ကြောင့် လောင်သည့်မီးမှာ ပိုမိုများပြားလာသဖြင့် နွေရာသီကာလအတွင်း မီးဘေးအန္တရာယ် အသိပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


