back

ရှမ်းပြည်နယ်၊တောင်ကြီး၌ ရာသီဥတုဖောက်ပြန်မှုနှင့် မြေသြဇာစရိတ်ကြီးမားမှုကြောင့် ကြက်သွန်စိုက်တောင်သူများ အခက်တွေ့နေ

Feb 24 • 2:46 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တောင်ကြီး၌ ရာသီဥတုဖောက်ပြန်မှုနှင့် မြေသြဇာစရိတ်ကြီးမားမှုကြောင့် ကြက်သွန်စိုက်တောင်သူများ အခက်တွေ့နေ

အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ပိုင်းရှိ ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ် စိုက်ပျိုးရာသီတွင် မြေသြဇာစရိတ် ကြီးမားမှု ဒဏ်အပြင် ရုတ်...

အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ပိုင်းရှိ ကြက်သွန်စိုက်တောင်သူများသည် ယခုနှစ် စိုက်ပျိုးရာသီတွင် မြေသြဇာစရိတ် ကြီးမားမှု ဒဏ်အပြင် ရုတ်တရက် ရာသီဉတုဖောက်ပြန်မှုနှင့်ပါ ရင်ဆိုင်နေရသဖြင့် ကြက်သွန်စိုက်ခင်းများ ပျက်စီးမည်ကို စိုးရိမ်နေကြကြောင်း သိရပါသည်။တောင်ကြီးတောင်ပိုင်းတွင် ယမန်နေ့များ၌ မိုးတိမ်များ အုံ့မှိုင်းကာ မိုးရွာသွန်းလုနီးပါး ရာသီဉတုများ ဖြစ်ပေါ်ခဲ့သည်၊ယခုကဲ့သို့ ကြက်သွန်များ စိုက်ပျိုးချိန်ကာလတွင် နေရောင်ခြည်မရဘဲအစိုဓာတ်လွန်ကဲနေပါက ကြက်သွန်ဉများ ပုပ်ခြင်းနှင့် မှိုရောဂါကျရောက်ခြင်းများ ဖြစ်ပွားနိုင်သဖြင့် တောင်သူများ ထိန့်လန့်နေကြသည်၊၊လက်ရှိတွင် ကြက်သွန်စိုက်ပျိုးရန် လိုအပ်သည့် မြေသြဇာ နှင့် စိုက်ပျိုးရေးသုံးပစ္စည်းများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဈေးနှူန်းမြင့်မားနေကြောင်းသိရသည်၊၊ ထို့ပြင် အခုရက်ပိုင်း ဖြစ်ပေါ်နေသည့် ရာသီဉတုအခြေအနေကြောင့် ကြက်သွန်တောင်သူများအနေဖြင့် မိမိ တို့၏ကြက်သွန်စိုက်ခင်းများကို မျက်ခြေမပျက် စောင့်ကြည့်နေရကြောင်း ဒေသခံများထံမှထပ်မံသိရှိရပါသည်။

news-view-count-icon

22