ရှမ်းပြည်နယ် (တောင်ပိုင်း) အထူးဒေသ (၆)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ထီတခေါ့ကျေးရွာတွင်ကောဇာ သက္ကရာဇ် ၁၃၈၇ တပေါင်းလဆန်း ၈ ရက်နေ့ပအိုဝ်းရိုးရာရှင်ပြု၊ရဟန်းခံပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ရှေးဦးစွာပွဲတွင် ရှင်လောင်းများ လှည့်လည်ခြင်း ကြွရောက်လာသည့် ဖိတ်ကြားဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခြင်းနှင့် ကုသိုလ်တရားတော်နာယူခြင်း စသည်လုပ်ဆောင်ကြပါသည်။အဆိုပါပွဲတွင် ဘုရားစေတီထီးတော်တင်ခြင်း သိမ်တော် အကျိုးနာယူခြင်း နှင့် ရှင်ပြုရဟန်းခံခြင်း များပါဝင်ပြီး ရှင်လောင်း ၁၈ ပါးပါဝင်ကြောင်း သိရှိရပါသည်။ ပအိုဝ်းဓလေ့ ရှင်ပြု ရှင်လောင်း ပွဲများသည် ပအိုဝ်းဒေသအသီးသီး၌ နွေရာသီတွင်စည်းကားသိုက်မြိုက်စွာကျင်းပလေ့ရှိသောအလှူပွဲတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။
Feb 24 • 2:45 AM
Myanmar
Shan
Share
| 37 | 0 | 0 | 0 |


