back

ပြည်တွင်း အစိုးရစစ် Grade-5 နှင့် Grade-9 စာမေးပွဲများ စတင်ကျင်းပနေပြီဖြစ်

Feb 24 • 1:21 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း အစိုးရစစ် Grade-5 နှင့် Grade-9 စာမေးပွဲများ စတင်ကျင်းပနေပြီဖြစ်

အစိုးရစစ်စာမေးပွဲတွေ ဖြစ်တဲ့ Grade-5 နဲ့ Grade-9 စာမေးပွဲတွေကို နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းတွေမှာ ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ G...

အစိုးရစစ်စာမေးပွဲတွေ ဖြစ်တဲ့ Grade-5 နဲ့ Grade-9 စာမေးပွဲတွေကို နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းတွေမှာ ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ Grade-5 စာမေးပွဲကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်ကနေ ၂၇ ရက်ထိ မနက် ၉ နာရီကနေ ၁၀ နာရီခွဲထိ ဖြေဆိုရမှာ ဖြစ်ပြီး Grade-9 စာမေးပွဲကိုတော့ ဖေဖော်ဝါရီ ၂၃ ရက်ကနေ ၂၈ ရက်ထိ မနက် ၉ နာရီကနေ ၁၁ နာရီထိ ဖြေဆို ရမှာ ဖြစ်ပါတယ်။အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း(ဗိုလ်တထောင်)မှာတော့ Grade-9 ဖြေဆိုသူ ၄၉ ယောက်နဲ့ Grade-5 ဖြေဆိုသူ အယောက် ၁၀၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေ ချောမွေ့စွာ ဖြေဆို နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ အထက(၆)ဗိုလ်တထောင် ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းအောင်က ပြောပါတယ်။ဒါ့အပြင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းတွေမှာလည်း Grade-5 နဲ့ Grade-9 စာမေးပွဲ ဖြေဆိုတဲ့ ကျောင်း သား၊ ကျောင်းသူတွေ စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ဖို့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တာဝန်တွေ ခွဲဝေချ ထား စီမံဆောင်ရွက်နေပြီး စာမေးပွဲဖြေဆိုပြီးချိန် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်လည်း ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။

news-view-count-icon

28