မွန်ပြည်နယ်၊သထုံအပါအဝင် မန္တလေး၊ ပြည်၊ တောင်ကြီးနှင့် ပုသိမ် ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပသည့် ၂၀၂၆-၂၀၂၇ ခုနှစ် ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့ခြင်းသည်။ပညာရေးဒီဂရီကောလိပ်များမှ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် သထုံ၊ မန္တလေး၊ ပြည်၊ တောင်ကြီးနှင့် ပုသိမ်တို့ကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရာတွင် သင်ကြားမည့် M.A.(Education), M.Sc.(Education) ဘွဲ့အတန်းများနှင့် လိုက်လျောညီထွေဖြစ်မည့် အခြေခံပညာအထက်တန်းအဆင့်သင်ရိုးနှင့် ပညာရေးဘာသာရပ်များပါဝင်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန်လိုအပ်လာသည်ဟု ၎င်းက ပြောဆိုသည်။



