back

ထိုင်းတွင် လယ်ထွန်စက် အစီး ၂၀ နဲ့ သတို့သမီးကို တောင်းရမ်းခဲ့တဲ့ အံ့သြဖွယ် မင်္ဂလာလှည့်လည်ပွဲ

Feb 23 • 5:17 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် လယ်ထွန်စက် အစီး ၂၀ နဲ့ သတို့သမီးကို တောင်းရမ်းခဲ့တဲ့ အံ့သြဖွယ် မင်္ဂလာလှည့်လည်ပွဲ

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ကရာဘီ မှာ အသက် ၂၇ နှစ်အရွယ် သတို့သား မစ္စတာ အနုဖုံ ဥဒုံဆရီ နဲ့ အသက် ၂၅ နှစ်အရွယ် သတို့သမီး မစ္စ နစ်တယာ ရွမ်ရတ...

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ကရာဘီ မှာ အသက် ၂၇ နှစ်အရွယ် သတို့သား မစ္စတာ အနုဖုံ ဥဒုံဆရီ နဲ့ အသက် ၂၅ နှစ်အရွယ် သတို့သမီး မစ္စ နစ်တယာ ရွမ်ရတ် တို့ရဲ့ မင်္ဂလာပွဲမှာ လယ်ထွန်စက် အစီး ၂၀ ကို အသုံးပြုပြီး သတို့သမီးကို တောင်းရမ်းခဲ့တဲ့အတွက် လူတွေကြားမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ အဲဒီလှည့်လည်ပွဲဟာ ခေါင်ဖနွမ်း (Khao Phanom) မြို့နယ်ရှိ သတို့သားရဲ့ နေအိမ်ကနေ သတို့သမီးရဲ့ နေအိမ်ကို လယ်ထွန်စက်တွေနဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သတို့သားရဲ့ မိသားစုဟာ စားအုန်းဆီနဲ့ ရော်ဘာစိုက်ပျိုးတဲ့ တောင်သူတွေဖြစ်ပြီး လုပ်ငန်းခွင်သုံး လယ်ထွန်စက် နှစ်စီးကို ဝယ်ယူထားတာကြောင့် အခြား တောင်သူသူငယ်ချင်းတွေကိုပါ အဲဒီလှည့်လည်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ ဒေသခံတွေက စိတ်ဝင်တစားနဲ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။




news-view-count-icon

8