၂၀၂၆ ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Singapore Smash ပြိုင်ပွဲ၏ အဓိကပွဲစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်ယှဉ်ပြိုင်ခဲ့ရာ တရုတ်နိုင်ငံမှ ဝမ်ချူချင်း၊ လျင်ရှီးတုန်း၊ ကျိုးချီဟောင်၊ ချန်ရှန်းထုန်၊ ဝမ်မန့်ယွိနှင့် ချန်ရိတို့မှာ ၃၂ ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဝမ်ချူချင်းက တရုတ်စားပွဲတင်တင်းနစ်ကစားသမား လေးဦးပါဝင်သည့် အဖွဲ့ကို ဦးဆောင်ခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဝမ်က ဩစတြေးလျမှ ဖင်းလုကို ၂၃ မိနစ်သာကစားပြီး ၃ ပွဲပြတ် အနိုင်ရရှိကာ နောက်တစ်ဆင့်တွင် ဂျပန်မှ ရွှန်းဆုကဲ တိုဂါမိနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။



