back

လုပ်ခလစာ တိုးမြှင့်ပေးဖို့ SANYAN OUTDOOR ကုမ္ပဏီ လုပ်သားတွေ တောင်းဆို

Feb 23 • 12:50 PM

breaking-news

Myanmar

Yangon

cover

လုပ်ခလစာ တိုးမြှင့်ပေးဖို့ SANYAN OUTDOOR ကုမ္ပဏီ လုပ်သားတွေ တောင်းဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ SANYAN OUTDOOR Co,.Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ဖို့အတွက် ဒီကနေ့ ဖေဖေ...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ SANYAN OUTDOOR Co,.Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ တောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။စက်ရုံရှိ အလုပ်သမား ၇၀၀ ကျော်ဟာ ဒီကနေ့ မနက် ၈ နာရီကျော်ဝန်းကျင်ကနေစပြီး တောင်းဆိုမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒေးကြေးကို တသောင်း နှစ်ထောင့်ငါးရာကျပ်၊ အချိန်ပိုကြေး နှစ်ထောင့်ငါးရာကျပ်နဲ့ ရက်မှန်ကြေးကို ခြောက်သောင်းကျပ်အထိ တိုးပေးဖို့အပြင် ၁၅ ရက် တကြိမ် ရှင်းပေးဖို့ကိုလည်း တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ဒါအပြင် အထည်ကြေးကိုလည်း A+ အတွက် ကျပ် နှစ်သိန်း၊ A အတွက် ကျပ် တသိန်းခွဲ၊ B အတွက် ကျပ် တသိန်းနဲ့ C အတွက် ကျပ် ငါးသောင်း တိုးမြှင့်ပေးဖို့နဲ့ ဂရိတ်ကြေးကိုလည်း A+ ဆိုပါက ကျပ် တသိန်းရှစ်သောင်း၊ A ဆိုပါက ကျပ် တသိန်းခွဲ၊ B ဆိုပါက ကျပ် တသိန်းနဲ့ C ဖြစ်ပါက ခုနစ်သောင်းကျပ် စသဖြင့် တိုးမြှင့် ရရှိနိုင်ဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာတော့ လုပ်ငန်းရှင်ဘက်က ဝန်ထမ်းတွေရဲ့ တောင်းဆိုမှုတွေကို တခုမျှ လိုက်လျောမပေးနိုင်ကြောင်းနဲ့ တောင်းဆိုမှုတွေ ဆက်လက် ပြုလုပ်ပါက သုံးရက်မြောက်နေ့မှာ အလုပ်ကနေ ထုတ်ပယ်မယ်လို့ တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။ဒါပေမယ့် သုံးရက်ပြည့်တဲ့အခါ အလုပ်က ရပ်ဆိုင်းမယ်ဆိုတာနဲ့ပတ်သက်လို့ တရားဝင် စာထုတ်ထားခြင်းမျိုး မရှိသေးဘဲ နှုတ်နဲ့သာ အသိပေးထားခြင်းဖြစ်ကာ လက်ရှိ Notice ဘုတ်မှာတော့ ‘No Work, No Pay’ လို့သာ ကြေညာထားတယ်လို့ သိရပါတယ်။SANYAN OUTDOOR Co,.Ltd ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလကစပြီး လုပ်ငန်း လည်ပတ်ခဲ့တာ ဖြစ်တယ်လို့သိရပြီး Sinsay, SNSY OUT WERE, SINSAY MENS အစရှိတဲ့ Brand တွေကို ချုပ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

30