မြစ်ကြီးနားလေယာဉ်ကွင်းအတွင်း ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လေကြောင်းခရီးစဉ်တွေရပ်နားထားခဲ့ရပြီး MAI လေကြောင်းလိုင်းမှ မြစ်ကြီးနားခရီးစဉ်များကို မတ်လ ၅ရက်နေ့က စတင်ပြီး ပြန်လည်ပြေးဆွဲမှာဖြစ်ကြောင်း ကနဦး သိရပါတယ်။အခြားလေကြောင်းလိုင်းများအတွက် သိရှိရခြင်း မရှိသေးဘဲ လှုမှုကွန်ရက်ပေါ်မှာတော့ သုံးလတိတိရပ်နားမယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။မြစ်ကြီးနားမြို့ဟာ ကုန်သွယ်ရေးအတွက်အပြင် သွားလာရေးအတွက်ပါ လေယာဉ်ကြောင်းလိုင်းကို အားထားနေရတာကြောင့် မြို့ခံတွေက ကုန်ဈေးနှုန်းတွေတက်လာမှာကို အထူးစိုးရိမ်မှုတွေရှိနေပါတယ်။



