back

ကမ္ဘောဒီးယားဘက်ရှိ မဲခေါင်မြစ်ထဲ ဧရာဝတီလင်းပိုင်ငယ် ၁ ကောင် ထပ်မံတွေ့ရှိ

Feb 23 • 6:36 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားဘက်ရှိ မဲခေါင်မြစ်ထဲ ဧရာဝတီလင်းပိုင်ငယ် ၁ ကောင် ထပ်မံတွေ့ရှိ

ကမ္ဘောဒီးယားနိုင်ငံ၊ ခရာတီမြို့ကနေ ၁၅ ကီလိုမီတာခန့်အကွာက မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းတဲ့ ကမ်ပီရွာ ရေပိုင်နက်ထဲမှာ ဧရာဝတီလင်းပိုင်ငယ် ၁ ကောင်ကို ထပ်မံတွေ့ရှိထားတယ်...

ကမ္ဘောဒီးယားနိုင်ငံ၊ ခရာတီမြို့ကနေ ၁၅ ကီလိုမီတာခန့်အကွာက မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းတဲ့ ကမ်ပီရွာ ရေပိုင်နက်ထဲမှာ ဧရာဝတီလင်းပိုင်ငယ် ၁ ကောင်ကို ထပ်မံတွေ့ရှိထားတယ်လို့ဆိုပြီး ကမ္ဘောဒီးယားသစ်တော၊ စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းဌာန(MAFF)က ပြောပါတယ်။ သဘာဝ ထိန်သိမ်းရေးနယ်မြေထဲမှာ MAFF နဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(WWF) အဖွဲ့တို့ ပုံမှန် လေ့လာစောင့်ကြည့်ရေး ပြုလုပ်ချိန် လင်းပိုင်ငယ်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုလို လင်းပိုင်ငယ် တစ်ကောင်ကို ထပ်တွေ့တာကြောင့် ကမ္ဘောဒီးယားမှာ မဲခေါင်မြစ်ထဲ ကျက်စားတဲ့ ဧရာဝတီ လင်းပိုင်အရေအတွက် ၁၁၃ ကောင်အထိ မြင့်တက်လာတယ်လို့ ဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ အစိုးရ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံတလွှားမှာ ဧရာဝတီ လင်းပိုင် အကောင်ရေ နှစ်စဥ် ၆ ကောင်ကနေ ၈ ကောင်အထိ အကောင်ရေ တိုးပွားလာနေတယ်လို့ ဆိုပါတယ်။ WWF ကမ္ဘောဒီးယားကတော့ မဲခေါင်မြစ်ထဲမှာ ဧရာဝတီ လင်းပိုင်တွေ တွေ့ရှိရတာဟာ မြစ်ကြောရဲ့ ဇီဝမျိုးကွဲ ကျင်လည်ကျက်စားနိုင်တဲ့အခြေအနေ ကောင်းမွန်နေတယ်ဆိုတာကို ပြသနေတာလို့ ပြောထားပါတယ်။မဲခေါင်မြစ်ဝှမ်းတလျှောက်က လာအိုနဲ့ ကမ္ဘောဒီးယား၊ ဧရာဝတီမြစ်ရှိတဲ့ မြန်မာ၊ မဟာခန်မြစ်ရှိတဲ့ အင်ဒိုနီးရှားလို ရေချိုမြစ်တွေမှာ ရှိသလို ထိုင်းနိုင်ငံက ‌ရေချို-ရေငန်စပ်နေရာတွေမှာလည်း လင်းပိုင်တွေ ရှိနေပါတယ်။

news-view-count-icon

29