ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ နေရပ်စွန့်ခွာစခန်းတစ်ခုမှာ အရေပြားယားနာ ရောဂါပြင်းထန်စွာ ခံစားနေရတဲ့ နေရပ်စွန့်ခွာလူဦးရေ (၂၀၀) ဦးအတွက် ရခိုင်လူမှုအဖွဲ့အစည်း ၂ ခုက လိမ်းဆေးနဲ့ သောက်ဆေးတွေကို ပူးပေါင်းလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလူမှုအဖွဲ့အစည်း ၂ ခုကတော့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး(PYA)နဲ့ ရခိုင်မျိုးချစ်လူငယ် ဖောင်ဒေးရှင်း (RMC)တို့ဖြစ်ကြပါတယ်။ "အဓိက ပုဏ္ဏားကျွန်းမြို့နယ်က နေရပ်စွန့်ခွာစခန်းထဲမှာ အရေပြားယားနာ ဖြစ်နေတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ရောဂါတွေ အမြတ်ပြတ်မဟုတ်ရင်တောင်မှ သက်သာသွားအောင် သောက်ဆေးနဲ့ လိမ်းဆေးတွေ လှူခဲ့တာဖြစ်တယ်။ သူတို့ အကူအညီ လိုအပ်နေတဲ့အချိန် ကျွန်တော်တို့ကူညီပေးလိုက်လို့ အဆင်ပြေသွားရင် ဝမ်းသာပီတိဖြစ်ရပါတယ်။"ဟု ထောက်ပံ့လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကို PYA ဥက္ကဋ္ဌက ပြောခဲ့တာ ဖြစ်ပါတယ်။



