back

မန္တလေးရှိ တောင်သူများအား လယ်ယာသုံးစက်ကိရိယာများဝယ်ယူရန် ၉ နှစ်အတွင်း ငွေကျပ်သန်းပေါင်း ၂၃,၀၀၀ ကျော် ထုတ်ချေးထား

Feb 22 • 8:07 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးရှိ တောင်သူများအား လယ်ယာသုံးစက်ကိရိယာများဝယ်ယူရန် ၉ နှစ်အတွင်း ငွေကျပ်သန်းပေါင်း ၂၃,၀၀၀ ကျော် ထုတ်ချေးထား

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အချိန်ထိ ၉ နှစ်အတွင်း လယ်ယာသုံးစက်ကိရိယာများဝယ်ယူရန် စိုက်ပျိ...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အချိန်ထိ ၉ နှစ်အတွင်း လယ်ယာသုံးစက်ကိရိယာများဝယ်ယူရန် စိုက်ပျိုးစရိတ် နှစ်ဆင့်ချေးငွေဖြင့် ငွေကျပ်သန်းပေါင်း ၂၃,၀၀၀ ကျော် ထုတ်ချေးပေးထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းလာနိုင်စေရန်၊ လုပ်ငန်းခွင်၌ လျင်မြန်ချောမွေ့ပြီး လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်၊ လယ်ယာလုပ်သားရှားပါးလာမှုအခက်ခဲကိုလည်း ဖြေရှင်းနိုင်စေရန် ယခုကဲ့သို့ စိုက်ပျိုးစရိတ် နှစ်ဆင့်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ချေးငွေများထုတ်ချေးပေးရာတွင်လည်း လယ်ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာများကို တောင်သူများလိုအပ်သော စက်အမျိုးအစားအလိုက် ဝယ်ယူအသုံးပြုနိုင်စေရန် လယ်ယာသုံး စက်ကိရိယာများ ရောင်းချသော ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ဘဏ်ခွဲများမှ တစ်ဆင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေရယူ၍ လယ်ယာသုံးစက်ကိရိယာဝယ်ယူလိုသည့် တောင်သူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့် လိုအပ်သော စာရွက်စာတမ်း၊ ထောက်ခံချက်များနှင့်တကွ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ သက်ဆိုင်ရာခရိုင်မြို့နယ်ဘဏ်ခွဲများသို့ သွားရောက် လျှောက်ထားနိုင်ကြောင်းလည်း သိရပါတယ်။

news-view-count-icon

21