menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

နေပြည်တော်ရှိ မြို့နယ်(၂)ခုတွင်လေပြင်းတို-က်ခတ် ပျ-က်စီးမှုများရှိခဲ့

Feb 22 • 8:00 AM

breaking-news

Myanmar

Naypyidaw

breaking-newsbreaking-news

Share

share-news
cover

နေပြည်တော်ရှိ မြို့နယ်(၂)ခုတွင်လေပြင်းတို-က်ခတ် ပျ-က်စီးမှုများရှိခဲ့

နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် လေပြင်းတို-က်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ ပျ-က်စီးမှုများရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသ...

cover-photo

နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် လေပြင်းတို-က်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ ပျ-က်စီးမှုများရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်၊ ကျောင်စရစ်ကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာတို့တွင်လေပြင်းတို-က်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများတွင် အမိုးလန်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင်လည်း လေပြင်းတို-က်ခတ်မှုကြောင့် နေအိမ်များနှင့် သစ်ပင်များပျက်စီးခဲ့ကြောင်း သိရသည်။ထိုသို့ ပျ-က်စီးနေသော နေအိမ်များနှင့် သစ်ပင်များကို ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီတွင် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


news-view-count-icon

29

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်

မန္တလေးရှိ တောင်သူများအား လယ်ယာသုံးစက်ကိရိယာများဝယ်ယူရန် ၉ နှစ်အတွင်း ငွေကျပ်သန်းပေါင်း ၂၃,၀၀၀ ကျော် ထုတ်ချေးထား

cover-photo
right-arrow-icon