ပေကျင်းရှိ ဂျူရာဆစ်အလယ်ပိုင်းကျောက်လွှာမှာ ကုန်းနေရေနေသတ္တဝါ လမ်းကြောင်းခြေရာရုပ်ကြွင်းများ တွေ့ရှိခဲ့ကြောင်း တရုတ်ဦးဆောင်တဲ့လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ အာရှတခွင် ဂျူရာဆစ်ကုန်းနေရေနေသတ္တဝါ ရုပ်ကြွင်းများအတွက်သာမက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆၀ ခန့်က တရုတ်မြောက်ပိုင်းရဲ့ ရှေးခေတ်ဘူမိ၊ ရှေးခေတ်ဂေဟနဲ့ ဇီဝမျိုးကွဲတို့ နားလည်သိရှိစေမယ့် အဓိကအထောက်အထား ဖြစ်လာနိုင်ပါတယ်။ ခြေရာနှစ်ခုပါဝင်ကာ ရှေ့ခြေနဲ့နောက်ခြေအစုံလိုက် ဖြစ်တယ်လို့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ ဒိုင်နိုဆောပညာရှင် ရှင်လီဒါက ပြောပါတယ်။ အရွယ်အစား၊ ကွာဝေးပုံ၊ တန်းတူညီဦးတည်ချက်များအရ သတ္တဝါတစ်ကောင်တည်းကပဲ ရွေ့လျားသွားတာ ဖြစ်နိုင်ပါတယ်။



