back

မြန်မာတွင် မိုင်းကြောင့် ထိခိုက်သေဆုံးမှု သိသိသာသာမြင့်တက်

Feb 22 • 3:46 AM

breaking-news

Myanmar

Local

cover

မြန်မာတွင် မိုင်းကြောင့် ထိခိုက်သေဆုံးမှု သိသိသာသာမြင့်တက်

မြန်မာနိုင်ငံတွင် မိုင်းကြောင့် ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်တက်လာနေကြောင်း မြေမြှပ်မိုင်း စောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြသည်။အ...

မြန်မာနိုင်ငံတွင် မိုင်းကြောင့် ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်တက်လာနေကြောင်း မြေမြှပ်မိုင်း စောင့်ကြည့်လေ့လာရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြသည်။အစီရင်ခံစာပါ အချက်လက်များအရ ၂၀၂၂ ခုနှစ်တွင် ၅၄၅ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၁,၀၀၃ ဦး ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၂,၀၂၉ ဦးအထိ တိုးလာခဲ့ပြီး သေဆုံးသွားသူများမှာ လူသတ်မိုင်း၊ ယာဉ်တိုက်မိုင်း၊ တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်နေသော စစ်ကျန်လက်နက်များကြောင်း ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်ကုန်အထိ၊ အစီရင်ခံစာတွင် ဖော်ပြချက်အရ မိုင်းကြောင့် သေဆုံးသူ ၁,၅၄၀ ဦး၊ ဒဏ်ရာရသူ ၇,၅၃၂ ဦးနှင့် အသက်ရှင်ကျန်ရစ်မှု အခြေအနေ မသိရသူ ၁၃၄ ဦးတို့ ဖြစ်ပြီး စုစုပေါင်း ထိခိုက်သေဆုံးသူ ၉,၂၀၆ ဦးတို့ဖြစ်ကြာင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်း မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း မိုင်းကြောင့် ဒုတိယမြောက် ထိခိုက်မှုအများဆုံး နိုင်ငံဖြစ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

news-view-count-icon

29