back

ပြည်တွင်းသို့ ပဲသစ်များ ဝင်ရောက်လာမှုကြောင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ဈေးနှုန်းများ ထပ်မံကျဆင်း

Feb 22 • 3:44 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းသို့ ပဲသစ်များ ဝင်ရောက်လာမှုကြောင့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ဈေးနှုန်းများ ထပ်မံကျဆင်း

ယခုရက်သတ္တပတ်အတွင်း ပြည်ပပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ဈေးနှုန်းများ ထပ်မံကျဆင်းခဲ့ပြီး ပြောင်းဈေးနှုန်းမှာမူ ဆက်လက်မြင့်တက်လာခဲ...

ယခုရက်သတ္တပတ်အတွင်း ပြည်ပပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ဈေးနှုန်းများ ထပ်မံကျဆင်းခဲ့ပြီး ပြောင်းဈေးနှုန်းမှာမူ ဆက်လက်မြင့်တက်လာခဲ့သည်။ ဆန်စပါးဈေးကွက်မှာမူ သိသိသာသာ ပြောင်းလဲမှုမရှိဘဲ အေးနေဆဲဖြစ်သည်။မတ်ပဲဈေးကွက်မှာ ယခုတစ်ပတ်တွင် ပြန်လည်အေးသွားသော်လည်း တစ်တန်လျှင် ကျပ်သိန်း ၃၀ အထက်မှာပင် ဆက်ရှိနေပါသည်။ ပဲစင်းငုံနီဈေးကွက်မှာလည်း ဆက်လက်အေးနေပြီး တစ်တန်လျှင် ကျပ် ၅၀,၀၀၀ ခန့် ဈေးကျဆင်း ခဲ့သည်။ ပဲသစ်များ ဈေးကွက်ထဲ ဝင်ရောက်လာချိန်တွင် ပြည်ပအဝယ်အေးနေခြင်းကြောင့် ဖြစ်သည်။ (FOB) ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ၈၆၀ အတွင်း ငြိမ်နေသည်။ပဲတီစိမ်းမှာမူ ဈေးနှုန်း သိသိသာသာ ထပ်မံကျဆင်းလာသည်။ တရုတ်နိုင်ငံမှ အဝယ် အေးခြင်းနှင့်အတူ ပြည်တွင်း၌ ပဲသစ်များ ပေါ်ချိန်ဖြစ်ခြင်းကြောင့် ဖြစ်သည်။

news-view-count-icon

26