back

စင်ကာပူတွင် လူအများကြား ရမ်းကားခဲ့သူအမျိုးသမီး ထောင်ဒဏ်ကျခံရ

Feb 22 • 2:41 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် လူအများကြား ရမ်းကားခဲ့သူအမျိုးသမီး ထောင်ဒဏ်ကျခံရ

စင်ကာပူနိုင်ငံမှာ အကြောင်းရင်းမရှိဘဲ လမ်းသွားလမ်းလာတွေနဲ့ ရဲအရာရှိကိုပါ ရန်ပြုတိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တရားရုံးက ထောင်ဒဏ်အမိန့်ချမှတ်လိုက်တဲ့ သတင်းကိ...

စင်ကာပူနိုင်ငံမှာ အကြောင်းရင်းမရှိဘဲ လမ်းသွားလမ်းလာတွေနဲ့ ရဲအရာရှိကိုပါ ရန်ပြုတိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တရားရုံးက ထောင်ဒဏ်အမိန့်ချမှတ်လိုက်တဲ့ သတင်းကို တင်ဆက်ပေးချင်ပါတယ်‌။အသက် ၂၈ နှစ်အရွယ် Nur Sheerah Abd Sabar ဆိုတဲ့ အမျိုးသမီးဟာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီး ၄ ဦးကို အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်ခဲ့တဲ့ အမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်‌။၎င်းဟာ အမှုစစ်ဆေးဖို့ သူမရဲ့ နေအိမ်ဖြစ်တဲ့ Woodlands Avenue 6 ကို လာရောက်တဲ့ အသက် ၄၇ နှစ်အရွယ် ရဲမေကိုပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး နံရံနဲ့ ဆောင့်တာ၊ ခေါင်းကို ထပ်ခါတလဲလဲ ရိုက်နှက်တာတွေ လုပ်ခဲ့တာကြောင့် ရဲမေရဲ့ ညာဘက်အဆုတ်မှာ ဒဏ်ရာရရှိခဲ့တဲ့အထိ ပြင်းထန်ခဲ့ပါတယ်‌။တရားခွင်မှာ အစိုးရရှေ့နေက သူမဟာ အလွန်အန္တရာယ်ရှိပြီး စိတ်အခြေအနေ မငြိမ်မသက်ဖြစ်နေသူလို့ တင်ပြခဲ့ပါတယ်‌။ တရားသူကြီးကတော့ သူမရဲ့ ပြစ်မှုတွေဟာ အပြစ်မဲ့သူတွေကို ဦးတည်ထားတာကြောင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် (သူမရဲ့ မွေးနေ့) မှာပဲ ထောင်ဒဏ် ၃၆ ပတ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်‌။ လက်ရှိမှာတော့ သူမကို ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက ပြန်လည်ဖမ်းဆီး ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်‌။

news-view-count-icon

14