back

စင်ကာပူတွင် ညဖက်ဆို နံရံထုပြီး အမွှေးတိုင်နဲ့ ကျိန်စာတိုက်နေတဲ့ အိမ်နီးနားချင်းကြောင့် Punggol ဒေသခံများ စိတ်ညစ်နေရ

Feb 22 • 2:40 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် ညဖက်ဆို နံရံထုပြီး အမွှေးတိုင်နဲ့ ကျိန်စာတိုက်နေတဲ့ အိမ်နီးနားချင်းကြောင့် Punggol ဒေသခံများ စိတ်ညစ်နေရ

စင်ကာပူနိုင်ငံ Punggol အရပ်က Sumang Walk လမ်းမှာရှိတဲ့ အိမ်ရာတစ်ခုမှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကြောင့် အိမ်နီးနားချင်းတွေ စိတ်ပျက်လက်ပျက် ဖြစ်နေရတဲ့ ဖြ...

စင်ကာပူနိုင်ငံ Punggol အရပ်က Sumang Walk လမ်းမှာရှိတဲ့ အိမ်ရာတစ်ခုမှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကြောင့် အိမ်နီးနားချင်းတွေ စိတ်ပျက်လက်ပျက် ဖြစ်နေရတဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်နေပါတယ်။ အဆိုပါ အမျိုးသမီးဟာ 327B Sumang Walk ရဲ့ ၁၈ ထပ်မှာ နေထိုင်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် အိမ်ရာစတင်ဖွင့်လှစ်ကတည်းက အခြေချခဲ့သူဖြစ်ပေမဲ့ လွန်ခဲ့တဲ့ ၇ နှစ်နီးပါးကာလတစ်လျှောက်လုံး အိမ်နီးနားချင်းတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်နေခဲ့တာပါ။ သူမဟာ နေ့စဉ်လိုလို နံရံတွေကို ထုရိုက်တာ၊ ပရိဘောဂတွေကို တရွတ်တိုက်ဆွဲတာနဲ့ ဆဲဆိုတာတွေကို ပြုလုပ်လေ့ရှိပြီး အထူးသဖြင့် မနက်စောစောနဲ့ ညဖက်တွေမှာ အမွှေးတိုင်တွေထွန်းကာ အိမ်ရှေ့ထွက်ပြီး "မျိုးဆက်အလိုက် နာမည်ပျက်ပါစေ" စတဲ့ ကျိန်စာတိုက် ဆဲဆိုမှုတွေကိုပါ ပြုလုပ်နေတာကြောင့် ပတ်ဝန်းကျင်က လူတွေဟာ ဘာလုပ်ရမှန်းမသိအောင် စိတ်အနှောင့်အယှက် ဖြစ်နေကြရပါတယ်။ဒီလို ဆူညံသံတွေနဲ့ ကျိန်စာတိုက်တာတွေအပြင် သူမဟာ ပြတင်းပေါက်ကနေ အောက်ကို ရေတွေသွန်ချ လေ့ရှိတာကြောင့် အောက်ထပ်က အိမ်နီးနားချင်းတွေ လှန်းထားတဲ့ အဝတ်အစားတွေ စိုရွှဲကုန်တဲ့အထိ ခံရတဲ့သူတွေ ရှိနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်နီးနားချင်းတွေက ရဲစခန်းကို အကြိမ်ကြိမ် တိုင်ကြားခဲ့သလို လူကိုယ်တိုင်သွားရောက် ပြောဆိုတာမျိုးတွေ ရှိခဲ့ပေမဲ့ အဆိုပါ အမျိုးသမီးကတော့ သူမ လုပ်တာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ အာဏာပိုင်တွေ လာရောက်ညှိနှိုင်းဖို့ ကြိုးစားချိန်မှာလည်း တံခါးဖွင့်မပေးဘဲ ငြင်းဆန်လေ့ရှိတာကြောင့် ပြဿနာဟာ ပြေလည်မသွားဘဲ ပိုမိုဆိုးရွားလာနေပါတယ်။

news-view-count-icon

13