back

ရှမ်းပြည်နယ်၊တဲခဲရွာ“ခမ်းလေရောင်ႏဟွိုႏစေတီတော်သို့ ဗုဒ္ဓရုပ်ပွါးတော်စေတီများပင့်ဆောင်ပူဇော်ပွဲကျင်းပ

Feb 22 • 2:37 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တဲခဲရွာ“ခမ်းလေရောင်ႏဟွိုႏစေတီတော်သို့ ဗုဒ္ဓရုပ်ပွါးတော်စေတီများပင့်ဆောင်ပူဇော်ပွဲကျင်းပ

အထူးဒေသ(၆)၊ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု တဲခဲရွာ ဘုန်တော်ကြီးကျောင်းမှ ရွာအနောက်ဘက်တောင်ပေါ်ရှိ “ခမ်းလေရောင်ႏဟွိုႏစေတီတော်”သ...

အထူးဒေသ(၆)၊ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု တဲခဲရွာ ဘုန်တော်ကြီးကျောင်းမှ ရွာအနောက်ဘက်တောင်ပေါ်ရှိ “ခမ်းလေရောင်ႏဟွိုႏစေတီတော်”သို့ နံနက်၈း၃၀ အချိန်တွင် ဗုဒ္ဓရုပ်ပွားတော်စေတီများပင့်ဆောင်ခဲ့ကြောင်းသိရသည်။အဆိုပါရုပ်ပွားစေတီတော်များကို နံနက်(၈း၃၀)မှစတင်ပင့်ဆောင်ခဲ့ပြီး(၉း၁၅)တွင်တောင်ပေါ်စေတီတော်သို့ရောက်ရှိခဲ့ကြောင့်သိရသည်။ ဗုဒ္ဓရုပ်ပွါးတော်ဘုရားများကို ဦးစွာရေသပ္ပယ်ပြီးစေတီတော်အတွင်းသို့ပင့် ဆောင်ခဲ့ကြောင့်သိရသည်။ထို့နောက် ”ဓမ္မစကြာအဖွဲ့”မှ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက်တွင် ကြွရောက်လာသော ဓမ္မစကြာရွတ်ဖတ်ပူဇော်အဖွဲ့နှင့်ဒေသခံမိဘပြည်သူများက ရွာဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူခဲ့ကြောင်းသိရသည်။ အဆိုပါဗုဒ္ဓပင့်ဆောင်ပူဇော်ပွဲကို ခွန်ဖြားဗွာခမ်းဒုဥက္ကဌ ဖြားဆရာယွန်၊တဲခဲဘုန်းတော်ကြီးကျောင်းမှ ရဟန်းသံဃာတော်များ ၊ရှင်သာမေဏများနှင့်ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါဘုရားထီးတင်ပွဲနှင့် အနေကဇာတင်ပွဲကို တပေါင်းလဆန်း ၈ရက်၊တနင်္လာနေ့ တွင်ကျင်းပမည်ဖြစ်ကြောင်းလည်းသိရသည်။

news-view-count-icon

18