back

တစ်နှစ်ထက်တစ်နှစ် ပိုကျဉ်းလာတဲ့ စင်ကာပူက အိမ်ခန်းများနဲ့ နေထိုင်မှုပုံစံသစ်

Feb 22 • 2:33 AM

breaking-news

Singapore

Local News

cover

တစ်နှစ်ထက်တစ်နှစ် ပိုကျဉ်းလာတဲ့ စင်ကာပူက အိမ်ခန်းများနဲ့ နေထိုင်မှုပုံစံသစ်

စင်ကာပူနိုင်ငံတွင် မြေဈေးနှင့် ဆောက်လုပ်ရေးစရိတ် ကြီးမြင့်လာမှုကြောင့် ကွန်ဒိုတိုက်ခန်းအသစ်များ၏ ပျမ်းမျှအကျယ်အဝန်းမှာ လွန်ခဲ့သော နှစ် ၃၀ ခန့်ကထက် ၃၀ ရာခိုင်နှု...

စင်ကာပူနိုင်ငံတွင် မြေဈေးနှင့် ဆောက်လုပ်ရေးစရိတ် ကြီးမြင့်လာမှုကြောင့် ကွန်ဒိုတိုက်ခန်းအသစ်များ၏ ပျမ်းမျှအကျယ်အဝန်းမှာ လွန်ခဲ့သော နှစ် ၃၀ ခန့်ကထက် ၃၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားပြီး "Shoebox" ဟုခေါ်သည့် သေတ္တာပုံစံ အခန်းကျဉ်းလေးများတွင် နေထိုင်သည့် ပုံစံသစ် ခေတ်စားလာကြောင်း ဖော်ပြထားသည်။ ၁၉၉၅ ခုနှစ်က ပျမ်းမျှ ၁၁၈ စတုရန်းမီတာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၈၃ စတုရန်းမီတာအထိ သေးငယ်သွားကာ အိမ်ထောင်မပြုဘဲ တစ်ဦးတည်းနေသူများနှင့် ကလေးမယူသည့် မိသားစုများပြားလာခြင်းကလည်း အခန်းအသေးလေးများအပေါ် လိုအပ်ချက်ကို မြင့်တက်စေခဲ့သည်။ အဆိုပါ အခန်းကျဉ်းလေးများမှာပင် စင်ကာပူဒေါ်လာ ၇ သိန်းခွဲမှ ၈ သိန်းခွဲခန့်အထိ ဈေးပေါက်နေသဖြင့် သာမန်လူလတ်တန်းစားများနှင့် လူငယ်များအတွက် နေရာအကန့်အသတ်ကြား ရုန်းကန်နေရကာ နေရာချွေတာသည့် Minimalism အပြင်အဆင်များ ပိုမိုခေတ်စားလာကြောင်း သိရသည်။

news-view-count-icon

6