ကယားလီဖုလူငယ်(KLY) ၏ အခြေခံကွန်ပျူတာသင်တန်း အပတ်စဥ် (၅)တွင် သင်တန်းသား (၃၀)ဦး သင်တန်းဆင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကယားလီဖု လူငယ်မှ အပတ်စဥ် (၅) အခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့ပြီး သင်တန်းသား (၃၀)ဦး ကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို လူငယ်များ ခေတ်နှင့်အညီ သိသင့်သိထိုက်သော နည်းပညာများကို သိရှိရန် ၊ ဌာန ၊ အသင်းအဖွဲ့များတွင် အလုပ်လျှောက်ထားရာတွင် အရည်အချင်းသတ်မှတ်ချက်နှင့် လျော်ညီစွာရရှိနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းကို လက်လှမ်းမှီစေရန်နှင့် ဒေသကို ပြန်လည်အကျိုးပြုနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း ဆိုထားသည်။ထို့အပြင် ထပ်မံ ဖွင့်လှစ်မည့်အပတ်စဉ်များတွင်လည်း ကွန်ပျူတာပညာကို လေ့လာလိုသည့် လူငယ်များကို ကြိုဆိုကြောင်းနှင့် ဖွင့်လှစ်မည့်အအချိန်ကို ပြန်လည်အသိပေးသွားမည်ကြောင်း ဖော်ပြထားသည်။



