တနင်္သာရီတိုင်းရှိ စခန်းကြီးပဝါရဏာဂိုဏ်း၏ ၁၁ ပါးမြောက် ဂိုဏ်းချုပ် မော်ကြီးဆရာတော်၏ ဈာပနကို တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ကျင်းပမည်ဟု ဈာပနစီစဉ်သူများထံမှ သိရသည်။စခန်းကြီးပဝါရဏာဂိုဏ်းမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်း ကျောင်းတိုက်ပေါင်း တစ်ရာကျော်မှ သံဃာတော်များဖြင့် စုစည်းထားခြင်းဖြစ်သည်။မနက်ဖန် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဆရာတော်၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်မည့် စံကျောင်းပြသာဒ်သို့ ပင့်ဆောင်၍ ရက်သတ္တပတ်ကြာ အပူဇော်ခံပြီး တပေါင်းလပြည့်နေ့တွင် ကျေးရွာအုပ်စုအတွင်း လှည့်လည်ကာ သာဓုကီဠန အန္တိမ အဂ္ဂိဈာပနပူဇော်ပွဲကျင်းပမည်ဖြစ်သည်။အရိုးပြာရေမျောပူဇော်ပွဲကိုမူ ဖောင်းတောကျေးရွာအုပ်စု ဓမင်းဆိပ်ရွာဆိပ်ကမ်း၌ မတ်လ ၄ ရက်တွင် ကျင်းပမည်ဟု စီစဉ်သူများက ဆိုသည်။ပူဇော်ခံထားရှိမည့် ရက်သတ္တပတ်အတွင်း ညတရားပွဲ၊ အငြိမ့်ပွဲနှင့် ကျေးရွာအလိုက် ဒုံး (အလောင်ထမ်း အမျိုးသား၊ အမျိုးသမီး အုပ်စုဖွဲ့ အကအဖွဲ့) များ၊ စတုဒီသာ ကျွေးမွေးခြင်းတို့ကို ထည့်သွင်းကျင်းပမည်ဟု သိရသည်။
Feb 22 • 1:44 AM
Myanmar
Tanintharyi
Share
| 16 | 0 | 0 | 0 |


