back

ဘန်ကောက်တွင် ဘုရားသူခိုးအား ရဲများ တရုတ်ခြင်္သေ့ဝတ်စုံ ဝတ်ပြီး ဖမ်းဆီး

Feb 22 • 1:41 AM

breaking-news

Thailand

Local News

cover

ဘန်ကောက်တွင် ဘုရားသူခိုးအား ရဲများ တရုတ်ခြင်္သေ့ဝတ်စုံ ဝတ်ပြီး ဖမ်းဆီး

ဘန်ကောက်ရှိ တရုတ် နှစ်သစ်ကူးပွဲတော်တစ်ခုအတွင်း ဘုရားသူခိုးကို ထိုင်းရဲအရာရှိ ၂ ဦးက တ ရုတ်ခြင်္သေ့ဝတ်စုံ ဝတ်ပြီး ချဉ်းကပ်ကာ ဖမ်းဆီးနိုင်ခဲ့သည်။ရိုက်ကူးထားသော ရုပ...

ဘန်ကောက်ရှိ တရုတ် နှစ်သစ်ကူးပွဲတော်တစ်ခုအတွင်း ဘုရားသူခိုးကို ထိုင်းရဲအရာရှိ ၂ ဦးက တ ရုတ်ခြင်္သေ့ဝတ်စုံ ဝတ်ပြီး ချဉ်းကပ်ကာ ဖမ်းဆီးနိုင်ခဲ့သည်။ရိုက်ကူးထားသော ရုပ်သံအတွင်း ရဲ ၂ ဦးသည် ၎င်းတို့၏ ရဲအရာရှိတစ်ဦးအိမ်မှ ၁၂ လက်မအရွယ် ဘုရားဆင်းတု ၂ ဆူ ခိုးသွားသော နာမည်ကြီးစောရ “ဂျိုဂျို ရာဇဝတ်သား” ဆိုသူနားသို့ ခြင်္သေ့ဝတ်စုံ ဝတ်ကပြပြီး ချဉ်းကပ်သွားကာ အနီးရောက်စဉ် ခုန်ထွက်ကာ လုံးထွေးဖမ်းဆီးပြီး လက်ထိပ်ခတ်ခဲ့သည်ကို မြင်တွေ့ရသည်။ယင်း ၃၃ နှစ်အရွယ် ဘုရားသူခိုး ဂျိုဂျိုသည် ဘန်ကောက်မြောက်ပိုင်း ဘန်ဘွာသောင်အရပ်တွင် ဘုရားကျောင်းများထဲဝင်ကာ ဆင်းတုများ၊ သာသနာနှင့်ပတ်သက်သည့် တန်ဖိုးကြီးသည့် အရာများကို မကြာခဏ ခိုးနေကျဖြစ်ကာ ၎င်းခိုးထားသည့် ဆင်းတုများတန်ကြေးသည် ပေါင် ၄၇,၀၀၀ အထိ တန်ကြေးရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ဖမ်းနေသည်မှာ ကြာပြီ ဖြစ်သည်။ပထမတစ်ခေါက် ဘုရားကျောင်းတစ်ခုအတွင်း ချိန်းဆိုကာ ဖမ်းဆီးရန် ကြိုးစားစဉ် ရိပ်မိပြီး ရှောင်ပြေးသွားနိုင်ခဲ့ခြင်းကြောင့် ယခုတစ်ကြိမ် ဆိုင်းနွိုင်ခရိုင်ရှိ ပွဲတော်တစ်ခုအတွင်း ပိရိစွာ တရုတ်ခြင်္သေ့အက အရုပ်အတွင်းဝင်ပြီး အနီးကပ်ဝင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

news-view-count-icon

19