ရခိုင်ပြည်ထဲက မင်းပြား၊ကျောက်ဖြူခရိုင်နဲ့ အချို့ နေရာတွေမှာ ဒီနှစ်ကျရောက်တဲ့ ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ မင်းပြားမြို့နယ်မှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကိုတော့ ယမန်နေ့ မနက် ၈ နာရီမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။အခမ်းအနားမှာ ချင်း၊ သက္ကမ လူမျိုးတွေ အပါအဝင် အာရက္ခစစ်သည်တော်တို့က အဆို၊ အကတွေနဲ့ တက်ရောက်လာသူတွေကို ဖျော်ဖြေခဲ့ကြပါတယ်။ရခိုင်ပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံတို့ရဲ့ ကိုယ်ပိုင်အမျိုးသားလက္ခဏာ၊ သမိုင်း၊ စာပေယဉ်ကျေးမှုတွေကို အလေးထားပြီး ထိန်းသိမ်းမြှင့်တင်ပေးနေရာမှာ ရခိုင်ပြည်က လူမျိုးပေါင်းစုံအကြား လွတ်လပ်မှု၊ တန်းတူညီမျှမူ၊ ချစ်ကြည်ရင်းနှီးမှုနဲ့ သဟဇာတဖြစ်မှုတို့ဟာ ယခင်က ပိုမိုရရှိလာခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 
Feb 22 • 1:32 AM
Myanmar
Rakhine
Share
| 16 | 0 | 0 | 0 |


