၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်၊ ၁၃ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်တစ်နိုင်ငံလံုး၌တရားမဝင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၄၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၆,၂၅၈,၃၆၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။



