back

မွန်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီးဖမ်းမိခဲ့

Feb 22 • 12:37 AM

breaking-news

Myanmar

Mon

breaking-news
cover

မွန်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီးဖမ်းမိခဲ့

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် နှင့် ၁၈ ရက...

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် မုဒုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ် သကြားစက်လမ်းဆုံ၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်း ၂၆ မျိုး၊ လျှပ်စစ်ပစ္စည်း ၁၂ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၂,၅၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး၊ Nissan Diesel Truck တစ်စီး၊ Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄,၀၀၀,၀၀၀) ကိုလည်းကောင်း၊ သိမ်ဇရပ်မြို့နယ် ရထားဘူတာ၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၆၈,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀,၉၁၈,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။



news-view-count-icon

20