back

ပဲခူးတိုင်းဒေသကြီးတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ခြောက်စီးဖမ်းမိခဲ့

Feb 22 • 12:34 AM

breaking-news

Myanmar

Bago

breaking-news
cover

ပဲခူးတိုင်းဒေသကြီးတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ခြောက်စီးဖမ်းမိခဲ့

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်နှင့်...

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၆ ရက် တို့တွင် ပြည်ခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၈၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ အုတ်ဖိုမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဖြူးမြို့နယ်နှင့် ပဲခူးမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၂၇ ဒသမ ၆၂၄ တန်၊ သစ်မာ ၁ ဒသမ ၄၁၀ တန်၊ အခြားသစ် ၃ ဒသမ ၀၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၇၈၃,၈၄၄) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၁၆၃,၈၄၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။


news-view-count-icon

24