နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက် နှင့် ၁၅ ရက်တို့တွင် လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၁၇၃ တန်၊ သစ်မာ ၂ ဒသမ ၁၆၈ တန်၊ အခြားသစ် ၅၃ ဒသမ ၀၉၀ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉,၆၇၆,၅၁၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။



